"အိပ်မက်များ"
Опубликовано 26.12.2011
minthu1981
- နွားကျောင်းသားလေးက
သူ့နွားတွေအတွက် မြက်ခင်းဖွေးဖွေးကို
အိပ်မက်မက်တယ်...။
- သန့်ရှင်းရေးဝန်ထမ်းက
သူ့တာဝန်အရ မြက်ရိုင်းတွေကို
ခုတ်ထွင်ရှင်းလင်းပစ်တယ်...။
- နွမ်းညစ်ညစ်ကောင်လေးက
ရေသန့်ဗူးခွံရှိတဲ့ အမှိုက်ပုံတွေကို
အိပ်မက်မက်တယ်...။
- ပတ်ဝန်းကျင် ချစ်မြတ်နိုးသူက
သဘာဝပတ်ဝန်းကျင် မညစ်နွမ်းဖို့
မီးရှို့ရှင်းလင်းပစ်တယ်...။
- အိမ်ရှင်မက
မီးဖိုးချောင်ပြဿနာအတွက် ကုန်ဈေးနှုန်းကျဖို့
အိပ်မက်မက်တယ်...။
- ကုန်သည်က
သူ့ကုန်စည် ရောင်းအားတက်ဖို့
ငွေကြေး ကစားဖို့ကြိုးစားတယ်...။
- ကုမ္ပဏီဝန်ထမ်း ကောင်မလေးက
ဘတ်စ်ကားထိုင်ခုံ တစ်နေရာအတွက်
အိပ်မက်မက်တယ်...။
- နိုင်ငံရေးသမားက
သူ့ပါတီ အနိုင်ရဖို့
မဲဆွယ်စည်းရုံးတယ်...။
- ဒီလိုနဲ့
အိပ်မက်ကောင်းသော်လည်း
ဘ၀စောင်းသူတွေ ရှိနေတုန်းပဲ...။
- ဘ၀ကောင်းသူတွေက
အိပ်မက် မက်ဖို့ မေ့နေကြတယ်...။
လျှံဇွဲကို (စီးပွားရေးတက္ကသိုလ်)
မှတ်ချက်။ ။ ကျွန်တော့်၏ ဘလော့များကို ကူးယူမည်ဆိုပါက ကျွန်တော်၏ ကလောင်နာမည် လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)ကို ထည့်သွင်းရေးပေးခြင်းဖြင့် ကျွန်တော်တို့ မိတ်ဆွေ ဖွဲ့ကြရအောင်...။