သမ္မတကြီး၊ လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး

Posted on 2012/01/26 by နေမင်း

ဦးသိန်းစိန် အစိုးရ တက်လာကထဲက ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ် ဆိုပြီး ကတိတွေပေးထားတာ မနည်းလှဘူး။ အ ထူးသဖြင့် ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုတဲ့ ကိစ္စက ပွဲပြီးမီးသေ ဖြစ်နေပြီလားလို့ မြင်မိတယ်။ အစိုးရဝန်ထမ်းတွေကို ငွေမချေးမနေရ ပုံစံမျိုးနဲ့ ငွေတွေအတင်း ချေးခိုင်းနေတာက ဆင်းရဲမွဲတေမှု လျှော့ချရေး ဖြစ်စဉ်လို့ တချို့က မြင်နေ တယ်။ အမှန်ကတော့ အာဏာပိုင်တွေနဲ့ ဘဏ်တွေ လက်ဝါးရိုက်ပြီး အတိုးလိုချင်လို့ လုပ်တဲ့ ကိစ္စပါ။

ဘင်္ဂလားဒက်ရှ်က နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက်ယူနွတ်ရဲ့ အသေးစားချေးငွေ ပုံစံမျိုး လိုက်လုပ်ရင် ဆင်းရဲမွဲ တေမှုကို လျှော့ချနိုင်မယ်လို့လည်း တချို့က ထင်ကြတယ်။ အဲသည့်နည်းက မြန်မာပြည်မှာတော့ ရာခိုင်နှုန်းနဲနဲပဲ အောင် မြင်နိုင်လိမ့် မယ်။ ဘာဖြစ်လို့တုန်းဆိုတော့ မြန်မာနိုင်ငံမှာ တိုင်းသူပြည်သားတွေဟာ အကုန်လုံးကို ကြောက်နေရတဲ့ ပုံစံခွက်ထဲမှာ ရှိနေ သေးလို့ပဲ။ တဖက်မှာ ကြည့်ပြန်ရင်လည်း အသေးစား ချေးငွေပုံစံဟာ အတိုင်းအတာ တခုအထိ လိုအပ်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲမွဲတေမှု လျှော့ချဖို့ဆိုတာ နယ်ပယ်တွေ အားလုံးနဲ့ ဆက်စပ်နေတယ် ဆိုတာကို အစိုးရ လုပ်တဲ့သူက နားလည်ဖို့ လိုတယ်။

ရိုးရိုးရှင်းရှင်း ပြောရရင် ပထမဆုံး အဆင့်မှာ လုပ်နိုင်ရမှာက လူတိုင်းလူတိုင်း အထက်တန်း အဆင့်ထိ အစိုးရစရိတ်နဲ့ ကျောင်း နေနိုင်ဖို့ စီစဉ်ရမယ်။ ပညာမတတ်ထားတဲ့ သူတွေများနေရင် ဘာဘဲလုပ်လုပ် ဘာတွေပဲ အကောင်အထည် ဖော်ဖော် အမြဲ နောက်ကျလေ့ ရှိလို့ဖြစ်တယ်။ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လူတိုင်းဟာ အထက်တန်းထိ အခမဲ့ပညာ သင်နိုင်ဖို့ အတိအလင်း ပြဌာန်းထားတယ်။ အစိုးရက ကိုယ့်နိုင်ငံသား ကလေးတွေအတွက် စိုက်ပြီး ပညာ သင်ပေးရမယ်လို့ ဆိုထားတာ။ ကျနော်တို့ရဲ့ ၂ဝဝ၈ အခြေခံဥပဒေမှာ ပညာရေးအတွက် အဲတာမျိုး ပြဋ္ဌာန်းထားတာပါ သလား။ ကုလားပြည်ရဲ့ တချို့ပြည်နယ် တွေမှာ အဲသလို ပညာသင်နေတုန်းမှာ ထည့်သွင်း သင်ကြားတာ တခုက ဘာ တုန်းဆိုတော့ ကျန်းမာရေးဆိုင်ရာ ဘာသာရပ်ပဲ။ ငယ်ငယ်ကထဲက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသု တတွေကို ယဉ်ပါးထားရင် အသက်ကြီးတဲ့အထိ အထောက် အကူ ဖြစ်တယ် ဆိုတာ နားလည်လာကြတယ်။ ဒါနဲ့ပတ် သက်လို့ ဆက်ပြီး ရှင်းလင်းပါ့မယ်။

အိန္ဒိယနိုင်ငံမှာ ပြည်နယ်ပေါင်း လေးဆယ်ကျော်ရှိတယ်။ အဲသည့် ပြည်နယ်တွေထဲမှာ ကရယ်လာဆိုတဲ့ ပြည်နယ်ဟာ လူသား ရင်းမြစ်နဲ့ ပတ်သက်လို့ ထင်ရှားတယ်။ နိုင်ငံတကာ ကနေတောင် အသိအမှတ်ပြုတာခံရတယ်။ ကရယ်လာ ပြည်နယ်ဟာ မြေ အကျယ်အဝန်းအားဖြင့် သေးသေးမြှောင်မြှောင်လေးပါ။ သို့သော် လူဦးရေက သန်းပေါင်း ၃ဝ ကျော် နေပြီ။ မြန်မာနိုင်ငံ လူဦး ရေရဲ့ တဝက်လောက် ရှိတယ်လို့ ဆိုနိုင်တယ်။ ကရယ်လာပြည်နယ်ဟာ စီးပွားရေးအရ သိပ် အကောင်းကြီး မဟုတ်ပါ။ ဆင်းရဲ သားက အများစု ဖြစ်တယ်။ ဒါပေမယ့် ထူးခြားတာက ပြည်နယ်အားလုံးပေါင်းမှာ လူ ကြီး စာတတ်မြောက်တဲ့ဦးရေ အများဆုံး ပြည်နယ် ဖြစ်တယ်။ လူတိုင်းနီးပါး စာရေး စာဖတ်တတ်တယ်လို့ ဆိုနိုင်တယ်။ အခုခေတ်မှာတော့ အရွယ်ရောက်ပြီးတဲ့ လူငယ် တိုင်းဟာ ဘွဲ့ရခေတ်ပညာတတ်တွေ ဖြစ်ကြတယ်။ ပညာတတ်တော့ ဘာဖြစ်သလဲ။

ကရယ်လာပြည်နယ်ရဲ့ ပညာရေးစနစ်မှာ ကျားမမရွေး ကျောင်းနေပြီ ဆိုကတည်းက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဘာ သာကို မဖြစ်မနေ သင်ကြားရတယ်။ ဘာသာရပ်တခု အနေနဲ့လည်း စာမေးပွဲမှာ ဖြေရတယ်။ ယေဘုယျ ပြောရရင် ကျန်း မာရေးနဲ့ ပတ်သက်လို့ အမှိုက်စွန့်ပစ်ပုံ၊ ယင်လုံတဲ့ ရေလောင်း အိမ်သာဆောက်ပုံ၊ ရေဆိုးမြောင်း ဖောက်ပုံ၊ ညစ်ပတ်တာ တခုခုကို ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးရပုံ၊ လတ်တလော အနားမှာ ဆပ်ပြာမရှိရင် ရေ ဘယ်လောက်သုံးပြီး လက်ကိုဆေးရမလဲ ဆိုတာမျိုးလဲ ပါသေးတယ်။ ယင်နားတဲ့ အစားစာတွေ၊ အစားအစာ ချက်ပြီးလို့ နာရီဘယ်လောက် ကြာရင် ဘယ်လိုအစားအစာ မျိုးဟာ မစားသင့်ဘူး ဆိုတာကိုလည်း ကလေးတွေအနေနဲ့ သင်ရတယ်။ အတန်းကြီးလာတာနဲ့ ပိုပြီးအသေးစိတ်တဲ့ ကျန်းမာ ရေးဆိုင်ရာ တကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာ ပညာရပ်တွေကို ဆက် သင်ရပါတယ်။

ကရယ်လာပြည်နယ်သားတွေဟာ ကျောင်းပညာရေးကတဆင့် သင်ရတဲ့ကျန်းမာရေးဆိုင်ရာ ဘာသာရပ်အတိုင်း နေ့စဉ် ဘဝမှာ လိုက်နာကျင့် သုံးကြတယ်။ အဲသည်တော့ သူတို့အတွက် ရလာတဲ့ အကျိုးကျေးဇူးက ကြီးလှတယ်။ ကရယ်လာ ပြည်နယ်မှာ အမျိုးသမီးတွေရဲ့ ပျမ်းမျှသက်တန်းဟာ ၇ဝ ဝန်းကျင်ဖြစ်ပြီး အမျိုးသားတွေရဲ့ ပျမ်းမျှသက်တန်းကတော့ ၆၈ ဝန်းကျင်ဖြစ်ပါတယ်။ ကျောင်းပညာရေးမှာ ကျန်းမာရေး ဘာသာရပ်ကို ထည့်သွင်းမသင်ကြားတဲ့ ပြည်နယ်တွေမှာတော့ အမျိုးသား အမျိုးသမီး ပျမ်းမျှသက်တန်းဟာ ၅၈ ဝန်းကျင်လောက်မှာဘဲ ရှိတယ်လို့ ဆိုထားတယ်။ တချို့ ပြည်နယ်တွေ မှာတော့ လူ့ပျမ်းမျှသက်တန်းဟာ ၅၄ နဲ့ ၅၆ ဝန်းကျင်မှာပဲ ရှိနေတယ်။ ကိုင်း မကွာလှဖူးလား။ ကျနော်တို့ရဲ့ အိမ်နီးချင်း ထိုင်း နိုင်ငံမှာ အခုဆိုရင် လူတွေဟာ စားနိုင်သောက်နိုင် ဖြစ်ကုန်ကြပြီ။ ပိုက်ဆံရှိလာပြီလို့ ပြောလည်း ရပါတယ်။ သူတို့ စားသောက်ပုံဟာ ကုလားတွေထက် အများကြီးသာတာပေါ့။ နေ့တိုင်း ကြက်ဥ နွားနို့ အသားဟင်းစားနိုင်တဲ့ အဆင့်ကို ရောက်ကုန်ပြီ။ ထိုင်းတွေရဲ့ ပျမ်းမျှသက်တန်းဟာလည်း ၇ဝ ပါပဲ။ ပဲဟင်းသာ စားနိုင်တဲ့ ကရယ်လာပြည်နယ်သူ အမျိုး သမီးများနဲ့ သက်တန်းချင်း အတူတူ ဆိုတာ မြင်နိုင်တယ်။

ကရယ်လာ ပြည်နယ်သားတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိကို ငယ်ငယ်လေးကထဲက သိလာခဲ့တဲ့အတွက် လိုက်နာ ဆောင်ရွက်တဲ့ အတွက် အဲသလို ကျန်းကျန်းမာမာ အသက်ရှည်ရှည်နဲ့ နေရတာပါ။ သူတို့လည်း တခြား ပြည် နယ်က ကုလား များလိုပါပဲ နေ့တိုင်းစားနေရတာက ထမင်းနဲ့ပဲဟင်းပါပဲ။ သူတို့လည်း ဆင်းရဲတာကိုး။ ထမင်းနဲ့ ပဲဟင်း စားရတာခြင်း တူရဲ့ သားနဲ့ သူတို့က အသက်ရှည်ရှည် နေရတယ်။ ပညာလည်း တတ်ကြတယ်။

အဲတာကြောင့် ပြောရမယ်ဆိုရင် ပညာလည်းတတ်ထား၊ ကျန်းမာရေးလည်း ကောင်းထားတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လုပ်မယ့် ဆင်းရဲမွဲတေမှုလျှော့ချရေးဟာ ပိုလို့အောင်မြင်နိုင်မယ်လို့ ထောက်ပြလိုရင်း ဖြစ်ပါတယ်။ အဲသလိုမှ မဟုတ်ရင် ဆင်းရဲမွဲတေမှု လျှော့ချရေး အစီအစဉ်လေးတွေ လုပ်လိုက် အဆင်ပြေမယ်လို့ ဖြစ်လာကာနီးမှ ကျန်းမာရေးမကောင်းလို့ ဆေးဖိုးထဲ ပါသွားလိုက်နဲ့ ဆိုရင် ပလိုင်းပေါက်နဲ့ ဖားကောက် ဖြစ်တော့မပေါ့။ တခါ ကျနော်တို့ မြန်မာပြည်မှာက စရိတ် မျှပေး ကျန်းမာရေးလို့ ဆိုထားသေးတာကိုး။ နောက် ကျနော်တို့ တိုင်းပြည်ရဲ့ ပညာရေးစနစ်မှာလည်း ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာသာရပ် တခုအနေနဲ့ တိတိ ကျကျ သင်ကြားပေးတာ အရင်ကလည်း မရှိခဲ့ဖူး၊ အခုလည်း မရှိသေးဖူး။ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ပိုက်ဆံရှိသူတွေက ထိုင်းနိုင်ငံတို့ အိန္ဒိယတို့ စင်္ကာပူတို့မှာ ဆေးသွားကုကြတယ်။ ဒါဟာ ဘာကို ပြနေသလဲ ဆိုရင် ကိုယ့်တိုင်းပြည်ထဲက ဆေးရုံတွေဟာ အားကိုးလောက်စရာ မရှိဘူးလို့ ပြောနေတာနဲ့ အတူတူ ပါပဲ။ လူမွဲတွေကတော့ နိုင်ငံခြားသွားကုဖို့ နေနေသာသာ ပြည်တွင်းမှာတောင် ဆေးဖိုးမတတ်နိုင်လို့ အချိန်မတိုင်ခင် စောစောစီးစီး သေနေကြတာ အားလုံးအမြင်ပဲ။

ဒီလိုအခြေအနေမျိုးမှာ သမ္မတကြီး ဦးသိန်းစိန်တို့ လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းတို့ ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ဘယ်လိုလုပ်မယ် ဆိုတာ တိုင်းပြည်ကို အစီအစဉ်နဲ့တကွ ရှင်းလင်းတင်ပြဖို့ လိုပါလိမ့်မယ်။ နိုင်ငံတကာ အတွေ့အကြုံများ ကနေ တဆင့်လည်း လေ့လာဖို့ လိုပါသေးတယ်။ တလောက ဦးရွှေမန်းတို့ အိန္ဒိယကို သွားခဲ့တယ် မဟုတ်လား။ ကုလား တွေရဲ့ ဒီမိုကရေစီ ပါလီမန်ကြီးကို လေ့လာမယ် ဆိုပြီးသွားခဲ့တာပဲ။ အဲသည့်တုန်းက ကရယ်လာပြည်နယ်ကိုများ တ လက်စထဲနဲ့ သွားပြီး လေ့လာခဲ့ရင် ကောင်းမှာပဲ။ ဒါပေမယ့် ကရယ်လာပြည်နယ်ဖက်ကို သွားခဲ့တယ်လို့တော့ သဲ့သဲ့ တောင် မကြားမိဘူး။

ကရယ်လာပြည်နယ် ဥပမာကို လေ့လာကြည့်ပြီးရင် ကလေးများ အထက်တန်းအထိ အခမဲ့ ပညာသင်နိုင်ဖို့ စနစ်တကျ စီစဉ်ပေးဖို့ လိုနေသလို ပညာရေးစနစ်ထဲမှာ ကျန်းမာရေးကို ဘာသာရပ်တခုသဖွယ် မူလတန်းအဆင့်ကထဲက သင်ကြား ပေးဖို့ လိုတယ်ဆိုတာကို မြင်ရပါတယ်။ သဘာဝဓာတ်ငွေ့နဲ့ တခြားသယံဇာတွေ ရောင်းထားလို့ရတဲ့ ပိုက်ဆံတွေကို ဒီနေ ရာ တွေမှာမှ မသုံးရင် ဘယ်မှာ သုံးကြမှာလဲ။ တချိန်ထဲမှာလည်း နိုင်ငံတကာက ပိုပြီးကူညီချင် လာအောင် ပိတ်ထားတဲ့ တချို့သော တံခါးများကို ဖွင့်ဖို့တော့ လိုနေပြီလို့လည်း ပြောချင်ပါတယ်။

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ငသလောက်ပေါင်းအစိုးရနှင့် အနာဂတ…   Return to blog   နအဖစစ်အုပ်စုရဲ့ ရုပ်သေးရုပ် နိ… →
© 2013-2014 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.